အာရှတက္ကသိုလ်ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ အိုမန် တစ်အုပ်စုတည်းကျရောက်


 တောင်ကိုရီးယားနိုင်ငံက လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် အာရှတက္ကသိုလ် ဘောလုံးပြိုင်ပွဲတွင် မြန်မာတက္က သိုလ်အသင်းသည် အုပ်စု(ဂ)၌ တရုတ်၊ အိုမန်တက္ကသိုလ်အသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက် နေသည်။

 တတိယအကြိမ်မြောက် အာရှတက္ကသိုလ်ဘောလုံးပြိုင်ပွဲ ကို တောင်ကိုရီးယားနိုင်ငံ Tae- baek မြို့၌ စက်တင်ဘာ ၁ ရက် မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကာ သုံးသင်းပါ လေးအုပ် စုခွဲထားသည်။ ယင်းပြိုင်ပွဲတွင် ဂျပန်တက္ကသိုလ်နှင့် အိမ်ရှင် တောင်ကိုရီးယား တက္ကသိုလ်အ သင်းတို့က အသင်းသုံးသင်းစီ ၀င် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
စက်တင်ဘာ ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် အုပ်စု(ဂ) အဖွင့်ပွဲစဉ် တွင် တရုတ်တက္ကသိုလ်အသင်း နှင့် အိုမန်တက္ကသိုလ်အသင်း ပွဲစဉ်၌ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
မြန်မာတက္ကသိုလ်လက်ရွေး စင်အသင်းသည် အုပ်စုပထမပွဲအဖြစ် စက်တင်ဘာ ၂ ရက် (ယနေ့)တွင် တရုတ်တက္ကသိုလ်အ သင်း၊ အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၃ ရက်တွင် အိုမန်တက္က သိုလ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းက နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ပြိုင်ပွဲ၏ အုပ်စု(က)တွင် ဂျပန် (ဂ)၊ မလေးရှား၊ တောင်ကိုရီး ယား(ခ)၊ အုပ်စု(ခ)တွင် တောင် ကိုရီးယား (က)၊ ဟောင်ကောင်၊ တောင်ကိုရီးယား (ဂ)၊ အုပ်စု(ဃ)တွင် ဂျပန် (က)၊ တိုင်ပေနှင့် ဂျပန်(ခ)အသင်းတို့ ပါဝင်နေ သည်။
 
 

Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post