မူစတာဖီနှင့် ပီရက်စ်ကို ပေါင် ၂၅ သန်းကျော်ဖြင့် အာဆင်နယ်ခေါ်ယူ


ဒီပို့တီဗို  တိုက်စစ်မှူး လူးကပ်စ်ပီရက်စ်နှင့် ဗလင်စီယာ နောက်တန်းလူ မူစတာဖီတို့ကို အာဆင်နယ်အသင်းက ပေါင်  ၅၂ သန်းကျော် သုံးစွဲ၍ ခေါ်ယူ လိုက်သည်။
စပိန်တိုက်စစ်မှူး ပီရက်စ် (၂၇) နှစ်သည် ယမန်နှစ်က ၃၇ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူခဲ့ကာ အဲဗာတန်သို့ ပြောင်းရွှေ့ရန် နီး စပ်နေပြီးမှ အာဆင်နယ်က ၎င်း ၏ အသင်းမှ ထွက်ခွာခွင့်သတ် မှတ်ကြေး ပေါင် ၁၇ ဒသမ ၁ သန်း အပြည့်ပေး၍ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဂျာမနီလက်ရွေးစင် မူစတာ ဖီကို အာဆင်နယ်က ပေါင် ၃၅ သန်းကျော်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။
ထိုအတောအတွင်း အာဆင်နယ် ညာနောက်တန်းလူ ချမ်ဘားစ်သည် မစ်ဒယ်ဘရော့သို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားသည်။
ဝီလ်ရှီးယားသည် ယခုသီတင်းပတ်အတွင်း အငှားဖြင့် ပြောင်းရွှေ့ရန်ရှိနေပြီး ဘုန်းမောက်နှင့် ခရစ္စတယ်ပဲလေ့စ်တို့က ၎င်းကို စိတ်ဝင်စားနေသည်။
ပီရက်စ်နှင့် မူစတာဖီသည် ယခုရာသီ အာဆင်နယ်က ခေါ်ယူ သော ငါးဦးမြောက်နှင့် ခြောက်ဦး မြောက် ကစားသမားများဖြစ်ပြီး ၎င်းတို့မတိုင်မီ ဆာခါ၊ ရော့ဘ်ဟိုးလ်ဒင်း၊ အာဆာနိုနှင့် အန်ဝါကာလီတို့ အမြောက်တပ်သားများထံ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
—Ref: BBC

  <မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post