ကစားသမား အပြောင်းအရွှေ့ နောက်ဆုံးနေ့သတင်းများ


-ပြင်သစ် လောရီးရင့်အသင်းမှ ဂါဘွန်လက်ရွေးစင်ကွင်းလယ်လူ အန်ဒေါင်းကို ဆန်းဒါးလန်းအသင်းက ယူရို ၁၆ သန်းဖြင့် ခေါ်ယူလိုက် သည်။
-မန်စီးတီး ကွင်းလယ်လူ နာဆရီ (၂၉)နှစ်သည် စပိန် ဆီဗီလာ အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားသည်။
-မန်စီးတီးတိုက်စစ်မှူး ဘိုနီသည် စတုတ်စီးတီးသို့တစ်နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားသည်။
-ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသည် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး စလီမာနီကို ဆေးစစ်ခေါ်ယူထားသည်။
-ချယ်လ်ဆီးအသင်းက ဖလိုရင်တီးနားအသင်းနောက်ခံလူ မားကို့စ် အလွန်ဆိုကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ သို့သော် ဈေးနှုန်းကို မကြေညာပေ။
-၀ါဒါဘရီမင်အသင်းက အာဆင်နယ်အသင်းတွင် နေရာမရဖြစ် နေသော ဆာဂျီဂျီနာဘရီကို ယူရိုခြောက်သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
-ချယ်လ်ဆီးအသင်းက ကစားသမားဟောင်း ဒေးဗစ်လူးဝစ်ကို ယူရို ၃၈သန်းဖြင့် ၀ယ်ယူရန် ပီအက်စ်ဂျီနှင့် သဘောတူညီမှုရခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post