ဝက်စ်ဟမ်းနှင့်ပွဲတွင် ကြမ်းတမ်းစွာ ကစားခဲ့သော အဂူရိုကို စွဲချက်တင်


ဝက်စ်ဟမ်းကစားသမား ၀င်စတန်ရိဒ်ကို တံတောင်ဖြင့် တွက်ခဲ့ခြင်းကြောင့် ကြမ်းတမ်း သောအပြုအမူအတွက် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က မန်စီးတီး တိုက်စစ်မှူး ဆာဂျီယိုအဂူရိုကို စွဲချက်တင်လိုက်သည်။
ပြစ်မှုထင်ရှားပါက အဂူရို သည် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ဖွယ်ရှိပြီး စက်တင်ဘာ ၁၀ ရက်နှင့်၁၇ ရက်တို့တွင် ကစားမည့် မန်ချက်စတာ ဒါဘီနှင့် ဘုန်းမောက်နှင့်ပွဲများပါ လွဲချော်နိုင်သည်။

ဆွမ်ဆီးနှင့် လိဂ်ဖလားတ တိယအဆင့်ပွဲကိုလည်း အဂူရိုလွဲချော်နိုင်သည်။
တနင်္ဂနွေနေ့က ၀က်စ်ဟမ်း ကို ၃-၁ ဂိုးနှင့်နိုင်သော ပွဲ၏ ၇၆ မိနစ်အဖြစ်အပျက်အား ကွင်း လယ်ဒိုင်လူကြီး အန်ဒရေးမာရင် နာက မမြင်ခဲ့ပေ။
သို့သော် ရုပ်သံပြကွက်များ ပြန်လည်ကြည့်ရှုပြီးနောက် အဂူရိုကို စွဲချက်တင်ရန် ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းစွဲချက်နှင့်ပတ်သက်၍ သြဂုတ် ၃၁ ရက် ဗြိတိန်ညနေ ၆ နာရီမတိုင်မီ အဂူရိုက ဖြေရှင်း ချက်ပေးရမည်ဖြစ်သည်။
အဂူရိုသည် မန်စီးတီး၏ ယခုရာသီ ပွဲပေါင်းငါးပွဲတွင် ခြောက်ဂိုးသွင်းယူထားသူဖြစ်သည်။
—Ref: BBC
 
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post