ဗလင်စီယာတိုက်စစ်မှူး အယ်လ်ကာဆာ ဘာကာသို့ရောက်၊ မူနာက အငှားဖြင့်ပြန်သွား


ဘာစီလိုနာက ဗလင်စီယာတိုက်စစ်မှူး ပါကိုအယ်လ်ကာဆာကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူလိုက်သော်လည်း ဘာကာတိုက်စစ်မှူး မူနာအယ်လ်ဟက်ဒါဒီက ဗလင်စီယာသို့ အငှားစာချုပ်ဖြင့် ရောက်ရှိသွားသည်။
ဗလင်စီယာသည် မူနာ (၂၀) နှစ်၏ အငှားစာချုပ် ကုန်ဆုံးပါက ယူရို ၁၂ သန်းဖြင့် ခေါ်ယူရန် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။
အယ်လ်ကာဆာ (၂၃) နှစ် သည် သုံးနှစ်တာကစားစဉ် လာ လီဂါ ဂိုး ၃၀ သွင်းယူခဲ့ပြီး စပိန် နိုင်ငံ၏ အလားအလာအကောင်းဆုံး လူငယ်ကြယ်ပွင့်တစ်ပွင့်ဟု ယူဆခံရသူဖြစ်သည်။

ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်သည် ၎င်းတို့၏ အမာခံ တိုက်စစ်မှူး သုံးဦးဖြစ်သော မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ကို ဖြည့်တင်းပေးမည့် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေခဲ့ပြီး အယ်လ်ကာဆာအား တွေ့ရှိသွားခြင်းဖြစ်သည်။
‘‘မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ် တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားသုံးဦးပါ။ သူတို့နဲ့အတူ ကစားရမှာ ထူးခြားတဲ့အခွင့်အရေးပါ။ ဘာကာမှာ ကြီးကျယ်မှုတွေအတွက် ကျွန်တော့်အပိုင်း ကျွန်တော်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု အယ်လ်ကာဆာကပြောသည်။                      —Ref: AFP
 
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post