ဟားလ်စီးတီးအသင်းသည် စပါးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ရွိုင်ယန်မေဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
မေဆန်သည် စပါးအသင်းတွင် ပွဲထွက်ကစားခွင့်မရသည့်အတွက် ဟားလ်စီးတီးသို့ပြောင်းရွှေ့ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဟားလ်စီးတီးအသင်းက အသက် ၂၅ နှစ်အရွယ်ရှိ မေဆန်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လစ်ဗာမိုး၊ ဟက်ဒယ်စတုန်းနှင့် ဒေါ်ဆင်တို့ပြီးနောက် မေဆင်သည် စပါးမှ ဟားလ်စီးတီးသို့ ရောက်ရှိလာသည့်ကစားသမားသစ်လည်း ဖြစ်လာခဲ့သည်။
ဟားလ်စီးတီးသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် မေဆန်က ‘ဟားလ်စီးတီးအသင်းက နေသားတကျဖြစ်အောင် ကြိုးစားတည်ဆောက်နေတဲ့အသင်းပါ။ ပရီးမီးယားလိဂ်ရာသီအစပွဲတွေကိုပဲ ကြည့်လိုက်ပါ။
ဒီမှာ ကျွန်တော့်အတွက် ဘာအာမခံချက်မှမရှိပါဘူး။ နေရာတစ်နေရာရဖို့ တိုက်ပွဲဝင်သွားမှာပါ။ ဟားလ်စီးတီးဂျာစီအတွက် ယှဉ်ပြိုင်ရဖို့ ကြိုတင်နားလည်ပြီးသားပါ’ ဟု ပြောဆိုခဲ့သည်။
<မူရင်းတင်ထားသည့်နေရာ>
0 comments:
Post a Comment