ပြောင်းရွှေ့ကြေးအသုံးစရိတ် စံချိန်ချိုးလိုက်ပြန်သည့် ပရီးမီးယားလိဂ်


ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲအသင်းများ၏ အသုံးစရိတ်မှာ ပေါင် ၁ ဘီလီယံ ကျော်သွားပြီဖြစ်ကာ အပြောင်းအရွှေ့အသုံးစရိတ် စံချိန်ချိုးလိုက်ပြန်ပြီ ဖြစ်သည်။


ပရီးမီးယားလိဂ်အသင်း ၂၀ ၏ လက်ရှိအချိန်အထိ စုစုပေါင်း အသုံးစရိတ်မှာ ပေါင် ၁.၀၂၁ ဘီလီယံရှိနေပြီဖြစ်သော်လည်း အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အသုံးစရိတ်များ ထပ်မံမြင့်တက်လာဖွယ် ရှိနေသေးသည်။ ပရီးမီးယားလိဂ်သည် ယမန်နှစ် ၂၀၁၅ ခုနှစ်က ပေါင် ၉၀၁ သန်းဖြင့်စံချိန်တင်ထားသည်ကို ယခု ၂၀၁၆ တွင် ထပ်မံချိုးဖျက်လိုက်ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အသင်းများထဲတွင် မန်စီးတီးအသင်းမှာ စုစုပေါင်း အသုံးစရိတ် ပေါင် ၁၆၈ သန်းရှိပြီး ပြောင်းရွှေ့ကြေးအများဆုံးအသုံးပြုထားသောအသင်းအဖြစ် မှတ်တမ်းဝင်နေသည်။
ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ခေါ်ယူခဲ့သည့် မန်ယူအသင်း၏ စုစုပေါင်းအသုံးစရိတ်မှာ ပေါင် ၁၄၅ သန်းဖြစ်ပြီး ဒုတိယနေရာတွင် ရှိနေသည်။
ကစားသမားသစ်မ၀ယ်ယူခြင်းကြောင့် ဝေဖန်ခံနေရသည့် အာဆင်နယ်အသင်းမှာ မူစတာဖီနှင့် ပီရက်ဇ်တို့နှစ်ဦးကို ပေါင်သန်း ၅၀ ကျော်ဖြင့် ထပ်မံဝယ်ယူလိုက်သည့်အတွက် စုစုပေါင်းအသုံးစရိတ် ၉၆ သန်းအထိရှိခဲ့ပြီး တတိယငွေအသုံးဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ အာဆင်နယ်၏နောက်တွင် လီဗာပူးလ် ၆၇.၉ သန်း၊ ချယ်လ်ဆီး ၆၇.၂ သန်း၊ ၀က်ဖို့ဒ် ၅၈.၄ သန်းတို့ဖြင့် အသီးသီးရပ်တည်နေကြသည်။
ယခုနှစ်တွင် ပရီးမီးယားလိဂ်အသင်း ၂၀ ၌ အသင်းပေါင်း ၁၁ သင်းမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ကစားသမားသစ်များ ၀ယ်ယူခဲ့ကြသည်။
ရည်ညွှန်း ဒေးလီးမေးလ်

  <မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post