မန်ချက်စတာဒါဘီနဲ့ စိတ်ဝင်စားစရာ ပွဲစဉ်များ ပါဝင်နေတဲ့ ရက်သတ္တပတ်



မန်ယူ - မန်စီးတီး
စနေ၊ ည ၆း၀၀
ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲပါ။ နှစ်သင်းစလုံး ပွဲတိုင်းနိုင်ထားကြပါ
တယ်။ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ကြပြီး မန်စီးတီးခံစစ်က ပွဲတိုင်းကို တစ်ဂိုးနှုန်းပေးထားပါတယ်။
မန်ယူကတော့ နောက်ဆုံး နှစ်ပွဲမှာ ဂိုးသွင်းမခံခဲ့ရပါဘူး။ နှစ်သင်းစလုံး ထိန်းကစားနိုင်တဲ့
ပွဲဖြစ်ပါတယ်။ မန်ယူ အနိုင်နဲ့ သရေပါ။

မစ်ဒယ်ဘရော့ - ပဲလေ့စ်
စနေ၊ ည ၈း၃၀
တန်းတက်မစ်ဒယ်ဘရော့ ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး သုံးပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးပါဘူး။
ပဲလေ့စ်က ဘိုလာဆီကိုရောင်းပြီး ဘန်တီ ကီကို ဖြည့်ထားလို့ပဲလေ့စ် တိုက်စစ်ကောင်း
လာမယ်လို့ မျှော်လင့်ရပေမဲ့ နောက်ဆုံးပွဲမှာ ဘုန်းမောက်ကို အိမ်ကွင်းမှာ သရေသာ
ကစား နိုင်ခဲ့ပါတယ်။ မစ်ဒယ်ဘရော့တိုက်စစ်က နီဂရီဒိုနဲ့ စတူအာနီတို့ဟာ သတိထားစရာ
ဖြစ်ပါတယ်။ မစ်ဒယ်ဘရော့နဲ့ ဂိုးအနည်းကို ကြိုက်ပါတယ်။

စတုတ် - စပါး
စနေ၊ ည ၈း၃၀
စတုတ်ဟာ ပြီးခဲ့တဲ့သုံးပွဲမှာ တိုက်စစ်ပိုင်း တော်တော်အားနည်းတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း အပြောင်းအရွှေ့ပိတ်ခါနီး မှာ မန်စီးတီးတိုက်စစ်မှူး ဘိုနီကို ခေါ်လိုက်
ရတာဖြစ်ပါတယ်။ စပါးက တိုက်စစ်ပိုင်း တိုးတက်လာခြင်း မရှိသေးတာတွေ့ရပါတယ်။
အဝေးကွင်းဆိုရင် သရေတွေသာ ကစားနိုင် တာလည်း စပါးအကျင့်ဖြစ်နေပါတယ်။
စတုတ်အနိုင်နဲ့သရေပါ။

ဝက်စ်ဟမ်း - ၀က်ဖို့ဒ်
စနေ၊ ည ၈း၃၀
ဝက်စ်ဟမ်း တိုက်စစ်မှာ ဇာဇာ ပါလာနိုင်သလို ကွင်းလယ်မှာ ပါယက်ပါလာနိုင်ပါတယ်။
ဝက်ဖို့ဒ်ကလည်း ချယ်လ်ဆီး၊ အာဆင်နယ်တို့ ကို အိမ်ကွင်းမှာ ရှုံးပွဲတွေ့ကြုံပေမဲ့ ဂိုးတော့
သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၀က်ဖို့ဒ်ကို လျှော့တွက်လို့မရပါဘူး။ တိုက်စစ်တွေက
ဂိုးတွေသွင်းနိုင်တဲ့အတွက် ဒီပွဲမှာ အသင်းထက် ဂိုးအများကိုရွေးတာ အသင့်တော်ဆုံးပါ။

ဘုန်းမောက် - ၀က်စ်ဘရွန်း
စနေ၊ ည ၈း၃၀
ဘုန်းမောက်က ခံစစ်ပိုင်းအား နည်းတဲ့ အတွက် အက်ဒီဟောင်းဟာ ခံစစ်ကိုပြင်ဆင်
နေတယ်လို့ ထင်ပါတယ်။ နောက်ဆုံးကစားတဲ့ ပဲလေ့စ်နဲ့ပွဲမှာ ပွဲပြီးခါနီးမှ ဂိုးပေးလိုက်ရ ပြီး
သရေကျသွားခဲ့ပါတယ်။ ၀က်စ်ဘရွန်း ကတော့ ဖြတ်တင်ဘော၊ ပြစ်ဒဏ်ဘောတွေပဲ အားပြုပြီး
တိုက်ရိုက်ကန်ပို့ဟန်နဲ့ ကစားနေတဲ့ အသင်းဖြစ်ပါတယ်။ ဘုန်းမောက်နည်းပြနဲ့ စုဖွဲ့မှုကို ကြိုက်တဲ့
အတွက် ဘုန်းမောက်ကို ကြိုက်ပါတယ်။

ဘန်လေ - ဟားလ်စီးတီး
စနေ၊ ည ၈း၃၀
တန်းတက်နှစ်သင်းတွေ့တဲ့ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ ဟားလ်စီးတီးမှာ အသင်းလိုက် စုစည်းမှုအား
ရှိနေပါတယ်။ တိုက်စစ်မှာ ဒီယိုမန်ဒီ ဟာ သတိထားစရာဖြစ်ပြီး တောင်ပံက စနို ဂရက်ဟာ
သတိထားရမယ့်သူဖြစ်ပါတယ်။ ဘန်လေဟာ အိမ်ကွင်းမှာ လီဗာပူးကို အနိုင် ကစားထားပေမဲ့
အခုပွဲမှာတော့ ဘန်လေ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ဟားလ်စီး တီးနဲ့ ဂိုးအနည်းကို
ကြိုက်ပါတယ်။

အာဆင်နယ် - ဆောက်သမ်တန်
စနေ၊ ည ၈း၃၀
အာဆင်နယ်အသင်း တောင့်တင်းလာပြီ လို့ မြင်ပါတယ်။ မူစတာဖီ၊ ကိုဆီယယ်နီ ခံစစ် အတွဲကို
မြင်တွေ့ရပါတော့မယ်။ ကွင်းလယ် က ရှာကာလည်း ယုံကြည်မှုရနေသလို အိုဇေးလ်နဲ့ ဆန်းချက်ဇ်လည်း ကောင်းနေပါတယ်။ ဆောက်သမ်တန်က တိုက်စစ်အား နည်းပြီး ခံစစ်လည်း
အားနည်းနေပါတယ်။ အာဆင်နယ် ဒီပွဲမှာ နှစ်ဂိုးပြတ် အနိုင်ရသွား ပါလိမ့်မယ်။

လီဗာပူး - လက်စတာ
စနေ၊ ည ၁၁း၀၀
မနှစ်ကလီဗာပူကွင်းမှာ လက်စတာဟာ ရှုံးနိမ့်ခဲ့ပါတယ်။ လက်စတာဟာ တိုက်စစ်ကို
ထူးထူးခြားခြားပြင်ဆင်ထားတာကိုတွေ့ရ ပေမယ့် ကွင်းလယ်ကတော့ မာရက်ဇ်ကိုမှီခိုနေဆဲဖြစ်ပါတယ်။
လီဗာပူးကလည်း တိုက်စစ် ကို ပြင်ဆင်ထားတဲ့အတွက် ဒီပွဲက တိုက်စစ်အားပြိုင်မယ့်ပွဲဖြစ်လာပါ
လိမ့်မယ်။ လီဗာပူး ကို ကြိုက်ပါတယ်။

ဆွမ်ဆီး - ချယ်လ်ဆီး
တနင်္ဂနွေ၊ ည ၉း၃၀
ဆွမ်ဆီးရဲ့ ကစားသမားအပြောင်းအလဲကြောင့် တိုက်စစ်နဲ့ခံစစ်ပိုင်း အားနည်းနေဆဲဖြစ်ပါတယ်။
တိုက်စစ်က ဂိုးမသွင်းနိုင်သလို ခံစစ်က ဂိုးတွေပေးနေရပါတယ်။ ချယ်လ်ဆီး က မန်ယူ၊ မန်စီးတီးတို့နဲ့အပြိုင်ဖြစ်နေပြီး နောက်ကျမှကန်ရတဲ့အတွက် ကွန်တီမှာ လုံ လောက်တဲ့ပြင်ဆင်
မှုရှိထားပါတယ်။ ကစားပုံ ကလည်း သိသိသာသာတိုးတက်လာလို့ ဒီပွဲ မှာလည်း ချယ်လ်ဆီးနိုင်မှာ
သေချာပါတယ်။

ဆန်းဒါးလန်း - အဲဗာတန်
အင်္ဂါ၊ နံနက် ၁း၃၀
အဲဗာတန်ကတော့ တာထွက်လှနေပါ တယ်။ ခုနစ်မှတ်တောင် ရထားပါတယ်။ တိုက်စစ်မှာ လူကာကူ
ခြေမတွေ့သေးပါဘူး။ ဆန်းဒါးလန်းက ဆောက်သမ်တန်ကွင်းမှာ ခံစစ်ကစားပြီး သရေ ကစားနိုင်ပေမဲ့
အခု အိမ်ကွင်းဆိုတော့ ဆန်းဒါးလန်း ဖွင့်ကစား လာမှာ သေချာပါတယ်။ ဆန်းဒါးလန်းပြင်ဆင်မှုက
အားရစရာမကောင်းလို့ အဲဗာတန် တိုက်စစ်က ဂိုးတွေသွင်းသွားပါလိမ့်ဦးမယ်။

<မူရင်းတင်ထားသည့်နေရာ>

Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post