ပီရက်ဇ်၊ မူစတာဖီတို့ နှစ်ဦးအား ပေါင် ၅၂ သန်း အသုံးပြု၍ အာဆင်နယ် အပြီးသတ် ခေါ်ယူနိုင် ခဲ့ပြီ


ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းသည် နွေရာသီအပြောင်း အရွှေ့ရာသီမပိတ်သိမ်းမီတွင် သတင်းများထွက်ပေါ်လျက်ရှိသည့် ဒီပို့တီဗို တိုက်စစ်မှူးပီရက်ဇ်နှင့် ဗလင်စီယာ နောက်ခံလူမူစတာဖီတို့အား ပေါင် ၅၂ သန်းအသုံးပြု၍ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းပိုင် ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။ အစောပိုင်းကာလတွင် ဒီပို့တီဗိုတိုက်စစ်မှူး ပီရက်ဇ်အားခေါ်ယူရန် ကမ်းလှမ်းမှု များပြုလုပ်ခဲ့ရာ၌ ပြောင်း ရွှေ့ကြေးအား တစ်ဝက်စီခွဲပေးမည့် အာဆင်နယ်အသင်း၏ကမ်းလှမ်းမှု ကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ရန်နီးစပ်ခဲ့သော်လည်း ထပ်မံညှိနှိုင်း ဆွေးနွေးမှုများအရ ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
 
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post