အာဆင်နယ်ကွင်းလယ်လူ ၀ီလ်ရှိုင်းယား ဘုန်းမောက်သို့ အငှားဖြင့် ပြောင်းရွှေ့


အာဆင်နယ်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားသည် တစ်ရာသီအငှားစာချုပ်ဖြင့် ဘုန်းမောက်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။
ဘုန်းမောက်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ရိုးမားအသင်းတို့ကို ကျော်ဖြတ်ပြီး ၀ီလ်ရှိုင်းယားကို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၀ီလ်ရှိုင်းယားသည် အာဆင်နယ်တွင် ပုံမှန်ပွဲထွက်ခွင့် မရသည့် အတွက် ပွဲထွက်ခွင့်ရနိုင်မည့်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဘုန်းမောက်အသင်းသည် ၀ီလ်ရှိုင်းယား၏ တစ်ပတ်လစာငွေ ပေါင်ရှစ်သောင်းကို အပြည့်အ၀ပေးချေမည်ဖြစ်ပြီး အငှားခေါ်ယူမှုအတွက် အာဆင်နယ်အသင်းကိုလည်း ပေါင် ၂ သန်းပေးချေမည် ဖြစ်သည်။
ဝီလ်ရှိုင်းယားသည် အာဆင်နယ်အသင်းတွင် ကစားခဲ့သည့် ရှစ်နှစ်အတွင်း ပွဲ ၈၀ သာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သည်။ ဂျိုးဟတ်ပြီးနောက် ပုံမှန်ကစားခွင့်ရရန်အသင်းပြောင်းခဲ့သည့် ဒုတိယမြောက်အင်္ဂလန်လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်

<မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post