ပရီးမီးယားလိဂ်အသင်း ၁၃ သင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားသစ်များခေါ်ယူခဲ့ကြ


ပရီးမီးယားလိဂ်အသင်း ၂၀ တွင် အသင်းပေါင်း ၁၃ သင်းမှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ကစားသမားအသစ်များခေါ်ယူခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်အပြောင်းအရွှေ့ကာလက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၉၀၀ ကျော်အသုံးပြုခဲ့ကြသည့် ပရီးမီးယားလိဂ်အသင်းများသည် ယခုနှစ်တွင် ပေါင် ၁.၁၆၅ ဘီလီယံအထိ အသုံးပြုခဲ့ကြသည်။ ယူရိုငွေကြေးဖြင့် တွက်ချက်လျှင် ယူရို ၁.၃၈ ဘီလီယံ ဖြစ်သည်။
ယခုနှစ်တွင် စီးရီးအေမှာ ယူရို ၇၀၈ သန်း၊ ဘွန်ဒက်စ်လီဂါမှာ ယူရို ၅၄၈ သန်း အသုံးပြုခဲ့ကြပြီး လာလီဂါမှာ ယူရို ၄၈၈ သန်းသာ အသုံးပြုနိုင်ခဲ့သည်။
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုခဲ့ကြသည့် ပရီးမီးယားလိဂ်အသင်း ၁၃ သင်းမှာ မန်ယူ၊ စပါး၊ လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဟမ်း၊ ဆောက်သမ်တန်၊ ဆွမ်ဆီး၊ ဘုန်းမောက်၊ ဆန်းဒါးလန်း၊ ၀က်စ်ဘရွန်း၊ ၀က်ဖို့ဒ်၊ ဟားလ်စီးတီးနှင့် ဘန်လေတို့ ဖြစ်သည်။
ပေါ့ဂ်ဘာ၏ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းသည် မန်ယူအသင်း၏ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သလို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ပရီးမီးယားလိဂ်အသင်း ၁၃ သင်း၏ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးများ
--------------------------------------------------------
၁။ မန်ယူ၊ ပေါ့ဂ်ဘာ (ပေါင် ၈၉ သန်း၊ ဂျူဗင်တပ်စ်)
၂။ စပါး၊ ဆစ်ဆိုကို (ပေါင်သန်း ၃၀၊ နယူးကာဆယ်)
၃။ လက်စတာ၊ ဆလီမာနီ (ပေါင် ၂၉ သန်း၊ စပို့တင်းလစ္စဘွန်း)
၎။ ခရစ္စတယ်ပဲလေ့စ်၊ ဘန်တီကီ(ပေါင် ၂၇ သန်၊ လီဗာပူးလ်)
၅။ ၀က်စ်ဟမ်း၊ အန်ဒရီအယူး (ပေါင် ၂၀.၅ သန်း၊ ဆွမ်ဆီး)
၆။ ဆောက်သမ်တန်၊ ဆိုဖီယာဘူဖော (ပေါင် ၁၆ သန်း၊ လိုင်လီ)
၇။ ဆွမ်ဆီး၊ ဘော်ဂျာဘက်စ်တန် (ပေါင် ၁၅.၅ သန်း၊ အက်သလက်တီကို)
၈။ ဘုန်းမောက်၊ ဂျော်ဒန်အိုင်ဘီ(ပေါင် ၁၅.၃ သန်း၊ လီဗာပူးလ်)
၉။ ဆန်းဒါးလန်း၊ ဒီဒီယာအန်ဒေါင်း(ပေါင် ၁၃.၆ သန်း၊ လိုရီးယန့်)
၁၀။ ၀က်စ်ဘရွန်း၊ ချက်ဒ်လီ (ပေါင် ၁၃ သန်း၊ စပါး)
၁၁။ ၀က်ဖို့ဒ်၊ ဆာဆက် (ပေါင် ၁၂.၇၅ သန်း၊ ဂရန်နာဒါ)
၁၂။ ဟားလ်စီးတီး၊ ရွိုင်ယန်မေဆန် (ပေါင် ၁၂.၅ သန်း၊ စပါး)
၁၃။ ဘန်လေ၊ ဟန်ဒရစ် (ပေါင် ၁၀.၅ သန်း၊ ဒါဘီ)
 ကျန် ၇ သင်း၏ ယခင်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးများ
-------------------------------------------------------
၁။ မန်စီးတီး၊ ကီဗင်ဒီဘရိုင်း(ပေါင် ၅၅ သန်း၊ ၀ုဖ်ဘတ်) 2015
၂။ ချယ်လ်ဆီး၊ တောရက်စ်(ပေါင်သန်း ၅၀၊ လီဗာပူးလ်) 2011
၃။ အာဆင်နယ်၊ အိုဇေးလ်(ပေါင် ၄၂.၂ သန်း၊ ရီးယဲလ်) 2013
၎။ လီဗာပူးလ်၊ ကာရိုးလ်(ပေါင် ၃၅ သန်း၊ နယူးကာဆယ်) 2011
၅။ အဲဗာတန်၊ လူကာကူ(ပေါင် ၂၈ သန်း၊ ချယ်လ်ဆီး) 2014
၆။ စတုခ်စီးတီး၊ အင်ဘူလာ(ပေါင် ၁၈.၃ သန်း၊ ပေါ်တို) 2016၊ February
၇။ မစ်ဒယ်ဘရော့၊ အဖွန်ဆိုအဲလ်ဗက်စ်(ပေါင် ၁၂.၈ သန်း၊ ဟီဗာနင်း) 2008
ရည်ညွှန်း အီအက်စ်ပီအန်

<မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post