ဂျာမနီအသင်းခေါင်းဆောင်အဖြစ် ဂိုးသမား နျူအာ ခန့်အပ်ခံရ


 ရှဝိန်းစတိုင်ဂါ နိုင်ငံတ ကာဘောလုံးကစားခြင်းမှ အနား ယူသွားပြီးနောက် ဘိုင်ယန်မြူး နစ်ဂိုးသမား မယ်နျူရယ်နျူအာ အား ကမ္ဘာ့ချန်ပီယံဂျာမန် အ သင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကြောင်း ဂျာမနီဘောလုံးအ ဖွဲ့ချုပ်က တွစ်တာစာမျက်နှာတွင် ဖော်ပြသည်။
နျူအာ (၃၀) နှစ်သည် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ၏ ပထမ ဆုံးပွဲဖြစ်သော နော်ဝေးနှင့် ပွဲတွင် ဂျာမနီအသင်းကို ဦးဆောင်မည် ဖြစ်သည်။ ယင်းခြေစစ်ပွဲကို လာ မည့် တနင်္ဂနွေနေ့တွင် အော်စလို မြို့၌ ကစားမည်ဖြစ်သည်။
ဘိုင်ယန်ဂိုးသမား နျူအာ သည် ၂၀၀၉ ဇွန်လက ဂျာမနီ လက်ရွေးစင်အသင်းတွင် ပထမ ဆုံးပါဝင်လာပြီး ၂၀၁၄ ကမ္ဘာ့ ဖလားအနိုင်ရ ကမ္ဘာ့ချန်ပီယံအ သင်း၌လည်း ပါဝင်ခဲ့သည်။ လက်ရွေးစင်အသင်းအတွက် (၇၁) ကြိမ် ပါဝင်ကစားခဲ့ကာ ပြီးခဲ့သည့်သုံးနှစ်ဆက်တိုက် ဖီဖာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားအ ဖြစ် သတ်မှတ်ခံခဲ့ရသည်။
နျူအာသည် ရှဝိန်းစတိုင်ဂါ နေရာ ဆက်ခံသင့်သူဖြစ်ပြီး ခေါင်း ဆောင်တစ်ဦးတွင် မိမိအလိုရှိ သော အရည်အချင်းများပါလာ သူဟု ဂျာမနီနည်းပြ ဂျိုအာချင်လို က ပြောသည်။
—Ref: AP
 
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post