ပေါင် ၁ ဘီလီယံ ကျော်ခဲ့သည့် ပရီးမီးယားလိဂ် အပြောင်းအရွှေ့


၂ဝ၁၆-၁၇ ဘောလုံးရာသီအတွက် နွေ ရာသီအပြောင်းအရွှေ့ဈေးကွက်မှာ သြဂုတ် ၃၁ရက်နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ပရီးမီးယားလိဂ်၏ ကစားသမားခေါ်ယူမှုအတွက် အသုံးစရိတ်မှာ စံချိန်တင်ခဲ့ပြီး ၁ ဒသမ ၁၆ ဘီလီယံအထိအသုံးပြုခဲ့ကြသည်။ ထိုပမာဏမှာပြီးခဲ့သည့်ရာသီက သုံးစွဲခဲ့သည့် ပေါင်သန်း ၈၇ဝ နှင့် နှိုင်းယှဉ်လျှင် များစွာကွာ ခြားလှသည်။ အပြောင်းအရွှေ့ဈေးကွက်၌ ကလပ်အသင်း ၁၃ သင်းသည် ၎င်းတို့၏ ကလပ် စံချိန်တင်ပြောင်းရွှေ့မှုများဖြင့် ခေါ် ယူခဲ့ကြသည်။ ထိုသို့အသုံးပြုနိုင်မှုများမှာ ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဝင် ငွေမှာ လာမည့်ရာသီမှစတင်ပြီး မြင့်မား လာပြီဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။



<မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post