ဘောလုံးသုံးသပ်ချက်ဝက်ဘ်ဆိုက်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာချုပ်ချုပ်ဆို


 မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် လက်ရွေးစင် အ သင်းများ၏ တစ်ဦးချင်း စွမ်း ဆောင်ရည်၊ အသင်းလိုက် စွမ်း ဆောင်ရည်နှင့် နည်းစနစ်ပိုင်း သုံး သပ်ချက်များအတွက် ရုရှားအ ခြေစိုက် Football Analysis Software ၀က်ဘ်ဆိုက်တစ်ခုဖြစ် သည့် InStat နှင့် ၁၈ လ သက် တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

InStat အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း၊ ၂၀၁၇ မ လေးရှားဆီးဂိမ်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် ယူ-၂၂ အသင်း၊ လက်ရွေးစင် ယူ-၁၉ အသင်းနှင့် လက်ရွေးစင် အမျိုးသမီးအသင်း စသည့် အသင်းလေးသင်းအတွက် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။
သုံးသပ်ချက်များအဖြစ် ပြိုင်ပွဲတစ်ခုအတွင်း စွမ်းဆောင်ရည် သုံးသပ်ချက်၊ တစ်ပွဲချင်း သုံးသပ်ချက်၊ ကစားသမားတစ်ဦးချင်း ပွဲအပြီးသုံးသပ်ချက်၊ အသင်း လိုက် ပွဲပြီးသုံးသပ်ချက် စသည့် သုံးသပ်လေ့လာချက်အမျိုးမျိုး ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ သုံးသပ်ချက်များ သည် အသင်းများ လေ့ကျင့်ပြင် ဆင်ရာတွင် များစွာအထောက် အကူရရှိနိုင်သဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စာချုပ်ချုပ် ဆို ၀ယ်ယူခဲ့ကြောင်း အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်သည် အဆိုပါဝက်ဘ်ဆိုက်နှင့် စာချုပ်တန်ဖိုးငွေပမာ ဏကို ထုတ်ပြန်ခြင်းမရှိပေ။
‘‘အခုလို InStat နဲ့ စာချုပ် လိုက်တာ လက်ရွေးစင်အသင်း တွေအတွက် နည်းစနစ်ပိုင်းဆိုင် ရာ လိုအပ်ချက်တွေကို အသေး စိတ် ထောက်ပြနိုင်မှာဖြစ်လို့ အ ရမ်းကောင်းပါတယ်။ အဖွဲ့ချုပ် အနေနဲ့ တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်’’ ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာဂတ်ဆီဇီက ဆိုသည်။
InStat ၏ ၀န်ဆောင်မှုများ ကို လက်ရှိတွင် ကမ္ဘာကျော် က လပ်အသင်းကြီးများဖြစ်သည့် မန် စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူး၊ ပီ အက်စ်ဂျီ စသည့်အသင်းများ အပါအ၀င် အာဆီယံဒေသတွင်း အ သင်းများလည်း အသုံးပြုလျက်ရှိ ကြောင်းသတင်းရရှိသည်။
ရန်ကုန်မြို့၌ ဇွန်လက ကျင်းပခဲ့သည့် လေးနိုင်ငံဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဝင် အသင်းများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်နှင့် ပြိုင်ဘက်အသင်းများ၏ စွမ်းဆောင်ရည်များကို ရန်ကုန်ယူ နိုက်တက်အသင်း နည်းစနစ်ဒါ ရိုက်တာ ဦးဝင်းသူမိုး ဦးဆောင် သော နည်းစနစ်ကျွမ်းကျင်သည့် အဖွဲ့ဝင်ခြောက်ဦးခန့်က စုပေါင်း ကာသုံးသပ်ချက်များ ပြုလုပ်ခဲ့ဖူး သည်။
 
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post