မလေးရှားနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲဝင်ပြိုင်ရန်ရှိနေသည့် မြန်မာယူ(၂၂)အမျိုးသားဘောလုံးအသင်း ကို နည်းပြချုပ်အဖြစ်ဦးကြည်လွင်မှ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်ထံမှ သိရှိရသည်။
“နည်းပြချုပ်အဖြစ်ဦးကြည်လွင်ကို တာဝန်ပေးဖို့ပြောဆိုထားပြီးပါပြီ။ ပြိုင်ပွဲက ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာဆို တော့ ပြင်ဆင်ချိန်လုံလောက်ပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီက ၂၀၁၇ ခုနှစ်တွင်ကျင်းပမည့် ဘောလုံးပြိုင်ပွဲကို ယူ(၂၂) ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပရန်စီစဉ်ထားပြီး စင်္ကာပူဆီးဂိမ်းတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဦးကြည်လွင်ကို ဆက်လက် တာဝန်ပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်ထားကြောင်း သိရသည်။
“ပြိုင်ပွဲကလိုသေးတဲ့အတွက် ပြင်ဆင်မှုအပိုင်းကတော့ ပြောမရသေးဘူး။ အသင်းမှာလည်း ယူ(၂၀)ကမာ့္ဘဖလား က ကစားသမားတွေလည်း ပါနေတဲ့အတွက် ထူးထူးခြားခြားပြင်စရာတော့မရှိပါဘူး။ လိဂ်ပြိုင်ပွဲပြန်စတဲ့အခါတစ် ပတ်ကိုတစ်ရက် ကြားထဲမှာ လေ့ကျင့်သွားမယ်။”ဟု ဦးကြည်လွင်က ပြောသည်။
ဦးကြည်လွင်သည် စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ (၂၃)အသင်းကို ဒုတိယရရှိရန် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပြည်တွင်းဘောလုံးကလပ်ဖြစ်သည့်မကွေးအသင်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး၊ ထွက်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိစေရန် စွမ်းဆောင်ပေးထားသူတစ်ဦးဖြစ်သည်။
“ဦးကြည်လွင်က စင်္ကာပူဆီးဂိမ်းမှာလည်း ဒုတိယဆုရအောင်စွမ်းဆောင်ထားနိုင်သူဆိုတော့ ဒီတစ်ခါပထမဆု ရအောင်စွမ်းဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ နောက်ပြီး ယူ(၂၀)ကမ္ဘာ့ဖလားဝင်ရောက်ခဲ့တဲ့အသင်း သားတွေပါလာမယ်ဆိုတော့ ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်လာမှာပါ။”ဟု မြန်မာဘောလုံးပရိသတ် ဦးထွန်းအေးကပြောသည်။
လက်ရှိတွင် မြန်မာယူ(၂၂)အသင်းကို ဖွဲ့စည်းရခြင်းမရှိသေးသော်လည်း စင်္ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ (၂၃)အသင်းမှ ကစားသမားများသည် အသက်ကျော်နေခြင်းကြောင့် ယူ(၂၀)ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းမှ ကစားသမားများကိုသာ ရွေးချယ်ရဖွယ်ရှိနေကြောင်း သိရသည်။
<မူရင်းတင်ထားသည့်နေရာ>
0 comments:
Post a Comment